likeလုပ်ပြီးအားပေးပါ
3.2.14
7:38 PM
ငွေကြေးဆိုင်ရာ လွှဲပြောင်းပေးချေမှုများကို မိုဘိုင်းဖုန်းဖြင့် စတင် အသုံးပြုနိုင်ပြီ
လူတစ်ဦးနှင့် တစ်ဦးအကြား ငွေကြေးဆိုင်ရာ လွှဲပြောင်းပေးချေမှုများကို မိုဘိုင်းဖုန်း ဖြင့် စတင်အသုံးပြု၍ ရပြီဖြစ်ကြောင်း ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ ချန်ထရီယံဟိုတယ်၌ ဇန်နဝါရီ ၂၄ ရက် နံနက်က ကျင်းပသော မိုဘိုင်းဖုန်းဖြင့် ငွေကြေးလွှဲပြောင်းပေးချေမှုများ စတင်ပြုလုပ်သည့် အခမ်းအနားတွင် အင်းဝဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အင်းဝဘဏ်မှ ပြုလုပ်သည့် မြန်မာမိုဘိုင်းငွေကြေး ဝန်ဆောင်မှု လုပ်ငန်းသည် အသေးစား ငွေချေးလုပ်ငန်းများကဲ့သို့ ငွေထုတ်ချေးရန် အစီအစဉ် လုပ်ဆောင်ခြင်း မဟုတ်ဘဲ အကူအညီပေးသည့် လုပ်ငန်းတစ်ခုသာ ဖြစ်သည်။ ထိုသို့ မိုဘိုင်းဖုန်းဖြင့် ငွေကြေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ကူညီဆောင်ရွက်နိုင်ရန် အေးဂျင့်များကို တစ်နိုင်ငံလုံးတွင် ရွေးချယ်ခန့်အပ်ထားပြီ ဖြစ်သည်။ မိုဘိုင်းဖုန်းဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ရာတွင် မိုဘိုင်းဖုန်း အသုံးပြုသူများသည် ဘဏ် သို့မဟုတ် အေးဂျင့်ရှိရာသို့ သွားရောက်၍ မိမိ၏ မိုဘိုင်းဖုန်းအတွင်းသို့ မိမိထည့်သွင်းလိုသော ငွေပမာဏကို ထည့်သွင်းနိုင်သည်။ ထိုသို့ ငွေထည့်သွင်းခြင်းသည် မိမိမိုဘိုင်းဖုန်းကို မိုဘိုင်းပိုက်ဆံအိတ်အဖြစ် အသုံးပြုခြင်းလည်း ဖြစ်သည်။ ကုန်သည်များသည်လည်း မိမိတို့ရောင်းချသည့် ကုန်ပစ္စည်း ဝန်ဆောင်မှု စသည်တို့ အတွက်လည်း မိုဘိုင်းဖုန်းဖြင့် ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ မိုဘိုင်းဖုန်းဖြင့် ငွေကြေး ဝန်ဆောင်မှု ပြုလုပ်ရာတွင် ငွေထုတ်သည့်အခါ လွှဲပြောင်းရရှိငွေ၊ ဖုန်းအတွင်း လက်ကျန်ငွေများကို ဘဏ်အထိ တိုက်ရိုက် သွားရောက်ရန် မလိုဘဲ နီးစပ်ရာ မြန်မာမိုဘိုင်း ငွေကြေးဝန်ဆောင်မှု အေးဂျင့် သို့မဟုတ် ကိုယ်စားလှယ်များထံတွင် အလွယ်တကူ ငွေထုတ်ယူနိုင်မည် ဖြစ်သည်။ တစ်ဖန် ငွေလွှဲပို့ခြင်း ပြုလုပ်ရာတွင် လည်း ငွေလွှဲပြောင်းလိုသူသည် မြန်မာမိုဘိုင်း ငွေကြေးဝန်ဆောင်မှုတွင် မှတ်ပုံတင်ထားသူဖြစ်ရန် လိုအပ်ပြီး မိမိလွှဲပြောင်းလိုသည့် ငွေကြေးပမာဏကို ကြိုတင်ဖြည့်သွင်းထားရန် လိုအပ်သည်။ မိမိလွှဲပြောင်းလိုသူ၏ ဖုန်းသို့ အချိန်မရွေး၊ နေရာမရွေး ဖုန်းလိုင်းမိရုံဖြင့် အချိန်တိုအတွင်း လွယ်ကူစွာ လွှဲပြောင်းပေးနိုင်ပြီ ဖြစ်သည်။ ထို့အပြင် အသေးစား ချေးငွေလုပ်ငန်း လုပ်ဆောင်သူများအနေဖြင့် ချေးငွေထုတ်ပေးရာတွင် ဖြစ်စေ၊ Payment များ ပြန်လည်ထုတ်ယူရာတွင် ဖြစ်စေ မိုဘိုင်းဖုန်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ချေးငွေ ထုတ်ချေးမည် မဟုတ်သော်လည်း ချေးငွေထုတ်ချေးမည့် အဖွဲ့အစည်းများ၏ ငွေကြေးဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ယခုအခါ စာရင်းအင်း အချက်အလက်များကို မြန်မာ မိုဘိုင်း ငွေကြေးဝန်ဆောင်မှုမှ အချိန်မရွေး တောင်းခံနိုင်ခြင်း၊ ကုန်ပစ္စည်းဝယ်ယူခြင်း၊ မိုဘိုင်းဖုန်း ငွေဖြည့်ခြင်း၊ လစာများပေးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် မိမိပိုင်ငွေများကို ဖုန်းထဲတွင် လုံခြုံစွာ သိမ်းဆည်းထားနိုင်ခြင်း၊ လွှဲပြောင်းငွေ စာရင်းများကို မိမိဖုန်းဖြင့် အချိန်စစ်ဆေးနိုင်ခြင်း၊ မိမိဖုန်းဖြင့် ၂၄ နာရီလုံး အချိန်မရွေး အသုံးပြုနိုင်ခြင်း၊ ငွေသားနှင့် ချက်လက်မှတ်များ အသုံးပြုရန်မလိုခြင်း၊ အသုံးပြုသူ တစ်ဦးအနေဖြင့် မိုဘိုင်းဖုန်းတွင် ငွေစုစာရင်း ဖွင့်ထားပါက ထည့်သွင်းထားသည့် ငွေကြေးအပေါ် အတိုးနှုန်း ခံစားခွင့်ရရှိခြင်း၊ ငွေအကြွေပြဿနာများ မရှိခြင်း၊ လုပ်ငန်းများ အချိန်ကုန်သက်သာစွာ ကျယ်ကျယ် ပြန့်ပြန့် မြန်မြန်ဆန်ဆန် ပြီးစီးခြင်း၊ သုံးစွဲစဉ် အခက်အခဲရှိပါက Hot Line ဖုန်း-၁၂၁၁ နှင့် ၁၂၁၂ တို့ကို အချိန်မရွေး ဆက်သွယ် စုံစမ်းနိုင်ခြင်း စသည်ဖြင့် အခက်အခဲမရှိစေရန် ကူညီဖြည့်ဆည်းပေးထားခြင်း ဖြစ်သည်။ တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့်အတူ မိုဘိုင်းဖုန်းဖြင့် ငွေကြေး ဝန်ဆောင်မှု ပြုလုပ်ပေးခြင်းသည် ပြည်သူများ အတွက် အချိန်ကုန်သက်သာ လွယ်ကူကာ အလုပ်ပြီးမြောက်စေသော စနစ်တစ်ခုပင် ဖြစ်သည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်
မှတ်ချက်....www.mmdailystar.com မှကူးယူပါသည်။
MR: EDITOR

ကြယ်စင်ဦး(TUF)
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Note: Only a member of this blog may post a comment.