likeလုပ်ပြီးအားပေးပါ

3.2.14

ပျိုမေမေးတဲ့ နားဖာချေး


မေး။ ။ ဒေါက်တာရှင့်... နားဖာချေး မထွက်အောင် လုပ်လို့ ရပါသလား။
သမီးက နားဖာချေးထူမှာလည်းကြောက်တယ်..နားမသန့်မှာလည်းကြောက်တယ်။
နားမသန့်စင်လို့ အလှပျက်မှာ ပိုစိုးရိမ်မိပါတယ်။ သမီးသိလိုတာက နားဖာချေးဆိုတာ မထုတ်ရင် ပိတ်သလားဆရာ။ မထုတ်လို့ရော မရဘူးလားဆရာ။ နောက်ပြီး နားဖာချေး အလိုအလျောက် ထွက်လာစေတဲ့ ဆေးရည်တွေကိုရော သုံးသင့်ပါသလား။
မိချော (တောင်ဥက္ကလာ)


ဖြေ။ ။ နားဖာချေး ကြောက်တတ်တဲ့ သမီးမိချောရေ... နားဖာချေးတို့ မည်သည် နားထဲမှာ အလိုအလျောက် ဖြစ်လေ့ရှိပြီး တချို့က အလိုအလျောက် ကွယ်ပျောက် သွားလေ့ရှိပါတယ်။ ဒါပေမဲ့ နားဖာချေးတွေ များလာရင်တော့ စုခဲခြောက်သွေ့ပြီး နားထဲမှာ ပြည့်လာတာကြောင့် နားဖာချေးကြောင့် အကြားအာရုံ မရှင်းလင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နားဖာချေး ပိတ်နေရင် နေရခက်ပြီး ကသိကအောက် ဖြစ်ခြင်း၊ နားယားခြင်း၊ နားပူခြင်း၊ မူးဝေခြင်းတို့ ဖြစ်တတ်တာကြောင့် လူအများစုဟာ ဂွမ်းတုတ် တံလေးများဖြင့် နားဖာကလော်ကြခြင်း ဖြစ်ပါတယ်။


နားဖာချေး ပိတ်လာရင် မိမိဘာသာ ဖယ်ထုတ်ရမှာ ကြောက်သူဆိုလျှင်တော့ နားဆရာဝန်နှင့် တွေ့ပြီး နားသန့်သွားအောင် ဖျော်ချနိုင်ပါတယ်။ ကိုယ်တိုင် နားဖာ ချေးနူးအောင် ဆောင်ရွက် ချင်တယ်ဆိုရင်တော့ ဂွမ်းတုတ် တံမသုံးဘဲ နားဖာချေးနူးစေတဲ့ သံလွင်ဆီ သို့မဟုတ် ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် အစက်ချဆေးတို့ကို ထည့်နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ နားဖာချေး ပျော်ဆေး အစက်ချဆေးကိုလည်း ထည့်နိုင်ပါတယ်။ နားဖာချေး ပျောက်ဆေးတွေ အနေနဲ့ Ear Clear (ကာဘာမိုဒ် ပါအောက်ဆိုဒ်) ရှိပါတယ်။ နားဖာချေး နူးပျော့ ဆေးထည့် နည်းကတော့ ခေါင်းကို တစ်ဖက်စောင်းပြီး နားတစ်ဖက် တစ်ချက်စီ ထည့်ရမှာပါ။ နေ့စဉ်ထည့်ဖို့မလိုဘဲ ရက်ခြားထည့်ရပါတယ်။ နားဖာချေးပျော်ဆေးကြောင့် နားထဲမှာ ပလုံစီ ထသလို ခံစားရခြင်း၊ နားထဲ မရိုးမရွဖြစ်ခြင်း ဆိုတဲ့ ဘေးထွက် ဆိုးကျိုးခံစား ရနိုင်ပါတယ်။ နားထဲထည့်မယ့် ပုလင်းကိုလည်း သန့်စင်စွာ ထားသိုပြီး သန့်စင်တဲ့ လက်နဲ့ ထည့်ရမှာပါ။


သတိပြုရမယ့် အရေးကြီးဆုံး အချက်ကတော့ နားတွင်း ရောင်ရမ်း ကိုက်ခဲခြင်း၊ နားစည် မှေးပေါက်ခြင်း၊ နားရောဂါဟောင်း ရှိခြင်းတို့ ဖြစ်ပေါ်ရင်တော့ အဆိုပါ ဆေးတွေကို မသုံးဖို့ပါ။ ဆေးဆိုင်မှာ ဝယ်စဉ်ကတည်းက အစက်ချပြွန်ကို တောင်းယူပါ။ နားဖာချေးခြောက် နူးပျော်လာစတွင် နားပို ပိတ်တတ် ပါတယ်။


ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် အစက်ချဆေးက တန်းသုံးနိုင်ပေမဲ့ သံလွင်ဆီကျတော့ ခံနိုင်ရည်ရှိမယ့် အပူချိန် ရောက်အောင် ရေနွေးစိမ်ပြီးမှ သုံးရမှာပါ။ ပိတ်နေတဲ့ နားဘက်ကို ခေါင်းစောင်းပြီး အဆီသုံး၊ လေးစက် ချပါ။ ဆယ်မိနစ်ခန့် ထိုပုံစံအတိုင်း နေပါ။တစ်နေ့ သုံးကြိမ်လောက် ထည့်ရပါတယ်။ နားဖာချေးခြောက် နူးဆေး၊ ပျော်ဆေးတွေမှာ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်တွေပါလို့ နားပေါက်ထဲက အနားသားတွေကို လောင်စေလို့ သတိပြုပါသမီးငယ်။


မှတ်ချက်.....http://myawadynews.blogspot.com/မှကူးယူဖော်ပြပါသည်


ရွင်လန်းချမ်းမြေ့ကြပါစေ...........

ကြယ်စင်ဦး(TUF)

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Note: Only a member of this blog may post a comment.

ဘ၀မှာ ဂုဏ်ယူစရာအကောင်းဆုံးဟာ တစ်ခါမှ မလဲကျဖူးတာ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်လဲကျတဲ့အခါတိုင်း ပြန်ထခြင်းဖြစ်တယ်..... ဆန္ဒနဲ့ရည်မှန်းချက်တို့သည် ပစ္စုပ္ပန်၌ ကျွှန်ုပ်တို့၏ ဘ၀ရှင်သန်ကြီးပွားအောင်မြင်အရေးအတွက် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အခြေခံအကြောင်ပင်ဖြစ်ပါကြောင်း မှတ်သားအပ်ပါသည်။

သည်လောက်လာရောက်လည်ပတ်ထားတယ်

 

Copyright @ 2013 ငှက်ငယ်နဲ့မိန်းမပျို.