likeလုပ်ပြီးအားပေးပါ
25.3.14
7:42 PM
Recycle Bin တွင်သိထားသင့်သည့်အချက်များ
Recycle Bin တွင်သိထားသင့်သည့်အချက်များ
Recycle Bin ဆိုတာကွန်ပြူတာရဲ့အမိုက်ပုံးပါဘဲ။ကွန်ပြူတာကနေ ရိုးရိုး Del နဲ့ဖျက်မိရင် အဲ့ထဲသွားရောက်ပါတယ်။ပီးတော့ ပြန်ပြီး လိုချင်ရင် restore ပြန်လုပ်လို့ရပါတယ်။ရိုးရိုး Del လုပ်ပါများနေရင် ကွန်ပြူတာထဲက Hard Disk ထဲမှာသိမ်းထားရလို့ Computer ကြီးလေးနေပြီးသုံးရတာနှေးနေပါလိမ့်မယ်။သူက ဘယ်လို Hard Disk မှာနေရာယူထားလဲဆိုတော့ Desktop ပေါ်က Recycle Bin ကို Right Click နှိပ်ပီးတော့ Properties ကိုဝင်ကြည့်လိုက်ပါနော်။အမိုက်ပုံးဆိုပြီးအထင်တော့မသေးလိုက်နဲ့နော် သူက Hard Disk Size ရဲ့ 7042 MB ကိုနေရာယူထားတာနော်။အကယ်၍ ကိုယ်ကဖျက်ပီးသားကိုပြန်ယူလေ့မရှိဘူး Shift+Del နဲ့ဖျက်တတ်တဲ့လူဆိုရင်တော့ အဲ့ကောင်ကိုပိတ်ပီး Recycle Bin Icon ကြီးပါဖြုတ်ထားလိုက်ပေါ့။လုပ်နည်းကတော့ Desktop ပေါ်က Recycle Bin ကို Right Click နှိပ်ပီးတော့ Properties ကိုဝင် Don't Move File To The Recycle Bin.Remove Files Immediately When Deleted. ဆိုတာလေးကိုရွေးပေးလိုက်ပါနော်....
Recycle အလုပ်လုပ်ပုံကတော့
(၁) မလိုတော့တဲ့ Data တွေကို Del နှိပ်ပြီး Bin ထဲထည့်လို့ရသလို မှားပြီးဖျက်မိတဲ့ Data တွေကိုလဲ Bin ထဲက ပြန်လိုချင်ရင် Restore ပြန်ခေါ်လို့ရပါတယ်။
(၂) Bin ကိုရှင်းလင်းစေချင်ရင် Empty ဆိုတာကိုနှိပ်လိုက်ရင်အကုန်လုံး Empty ဖြစ်သွားပါတယ်။
(၃) Bin ရဲ့နေရာယူတဲ့ပမာဏကို လျှော့ချင်လျှော့တိုးချင်တိုး မိမိကြိုက်သလို Control လုပ်လို့ရပါတယ်။
(၄) နောက်ဆုံးအချက်ကတော့ ကွန်ပြူတာလေးမှာစိုးရိမ်လို့ Bin ထဲမထည့်ချင်ဘူး။တနည်းအားဖြင့် Bin နဲ့မပတ်သက်ချင်ဘူးဆိုရင် မလိုချင်တော့တာသေချာတဲ့ Data တွေကို Shift+Del တွဲနှိပ်ပြီးတခါထဲအပြီးဖျက်လို့ရပါတယ်။
အပေါ်ကရှင်းပြထားတဲ့ Bin နေရာယူမှုပမာဏကို မိမိက လျှော့ထားမယ်ဆိုလျှင် မိမိပမာဏထက်ကျောနေရင် ဥပမာ 1 GB ထားတယ်ဆိုပါစို့ မိမိဖျက်တဲ့ Data တွေက 1 GB ကျော်နေရင် သူ့အရှေ့ကဖျက်ထားတဲ့ Data တွေဟာ Shift+Del လုပ်သလိုပြန်ပီး Restore လုပ်လို့မရဘဲပျက်သွားတတ်ပါတယ်
Credit-KB
Reshared by
MR: EDITOR

သခင်သာလျှင်
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Note: Only a member of this blog may post a comment.