likeလုပ်ပြီးအားပေးပါ

25.3.14

Viber အသုံးပြုသူ တစ်ရက်လျှင် ၁ သန်းရှိလာရန် Rakuten ရည်မှန်းထား


ပြီးခဲ့သည့်လက Viber messaging app ကိုအမေရိကန်ဒေါ်လာ သန်း ၉၀၀ ဖြင့်ဝယ်ယူခဲ့သည့် ဂျပန် e-commerce ကုမ္ပဏီကြီး Rakuten မှအမှုဆောင်အရာရှိချုပ် Hiroshi Mikitani က Viber သည် ကုမ္ပဏီ၏ အရေးအပါဆုံး စီမံကိန်းများအနက်မှ တစ်ခုဖြစ်ကြောင်း၊ ထို့အပြင် Viber ကိုသုံးစွဲသူ ၂ ဘီလီယံအထိ ရှိလာရန်ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရည်မှန်းချက်သည် မကြာသေးမီက WhatsApp ကိုဝယ်ယူထားသည့် Facebook အမှုဆောင်အရာရှိချုပ် Mark Zuckerberg ၏ရည်မှန်းချက်ထက် နှစ်ဆပိုမိုသည်။ သို့သော်လည်း Mikitani ကမိမိတို့အနေဖြင့် Viber သုံးစွဲသူ တစ်နေ့လျှင် ၁ သန်းခန့်ရှိလာရန် ဆန္ဒရှိကြောင်း ဖွင့်ဟခဲ့သည်။ လက်ရှိတွင် Viber ကိုနေ့စဉ် အသုံးပြုသည့် သုံးစွဲသူသစ်တိုးပွားမှု ၆၀၀,၀၀၀ ခန့်ရှိသည်။

Rakuten ပိုင်ဆိုင်သည့် အွန်လိုင်းအရောင်းအဝယ် ဝန်ဆောင်မှုများကို မှတ်ပုံတင်ပြီး အသုံးပြုသူဦးရေသည် သန်း ၂၀၀ ခန့်ရှိသည်။ Viber တွင်ကမ္ဘာတစ်ဝန်းမှ မှတ်ပုံတင်ပြီး အသုံးပြုသူ သန်း ၂၈၀ ရှိပြီး လစဉ်ပုံမှန်သုံးစွဲသူ သန်း ၁၀၀ ရှိကြောင်းသိရသည်။

Viber ၏ပြိုင်ဘက် messaging app များမှာ WeChat, Line နှင့် social gaming platform ပါဝင်သည့် KakaoTalk တို့ဖြစ်သည်။

-နောင်နောင်
Ref: TechInAsia
Internet Journal

သခင်သာလျှင်

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Note: Only a member of this blog may post a comment.

ဘ၀မှာ ဂုဏ်ယူစရာအကောင်းဆုံးဟာ တစ်ခါမှ မလဲကျဖူးတာ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်လဲကျတဲ့အခါတိုင်း ပြန်ထခြင်းဖြစ်တယ်..... ဆန္ဒနဲ့ရည်မှန်းချက်တို့သည် ပစ္စုပ္ပန်၌ ကျွှန်ုပ်တို့၏ ဘ၀ရှင်သန်ကြီးပွားအောင်မြင်အရေးအတွက် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အခြေခံအကြောင်ပင်ဖြစ်ပါကြောင်း မှတ်သားအပ်ပါသည်။

သည်လောက်လာရောက်လည်ပတ်ထားတယ်

 

Copyright @ 2013 ငှက်ငယ်နဲ့မိန်းမပျို.