likeလုပ်ပြီးအားပေးပါ

14.8.14

အိုင်တီသမားဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည် ရှိဖို့လို ( အများအားဖြင့် မှန်သော လိုအပ်ချက်များ )



Knowledge ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ စိမ်ခေါ်မှုတွေ များပြားလာတာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါတယ်။ အထူးသဖြင့် IT နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတိုင်း ပိုသတိထားမှာပါ။ ဘယ်သူဖြစ်ဖြစ် ပညာအလုပ်ရဲ့စိန်ခေါ်မှုတွေကို မခံနိုင်ဘူးဆိုရင် အဲဒီစိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ် နောက်လူတစ်ယောက်အမြဲတမ်းရှိနေမှာပါ။ အဲဒီတော့ ကိုယ်မလုပ်နိုင်ဘူးလား .. ဒါဆို နောက်လုပ်နိုင်မယ့်သူ ကို ခိုင်းမယ်ဆိုမျိုးတွေကြည့်ပါပဲ။

အိုကေ .. ဒါဆို IT မှာ အလုပ်လုပ်မယ့်သူ ဘာတွေပဲ လာလာလုပ်နိုင်ပါတယ်လို့ အာမခံနိုင်အောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့ IT နဲ့ အသက်မွေးမှုကို စွန့်လွှတ်လိုက်တာလိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။ မစွန့်လွှတ်ချင်ဘူးဆိုရင်တော့ အနည်းဆုံး အချက်ဆယ်ချက်လောက်တော့ ခံနိုင်ရည်ရှိအောင် လုပ်ရပါ့မယ်။ အဲဒါတွေကတော့

၁၊ စိတ်ရှည်ရမယ်။စိတ်တည်ငြိမ်ရမယ် ပြဿနာတစ်ခုကို စိတ်တည်တည်ငြိမ်ငြိမ်ထားပီး စိတ်ရှည်လက်ရှည် ဖြေရှင်းတတ်မှုကတော့ IT မှာ အရေးအကြီးဆုံးတစ်ခုပါပဲ။ တစ်ချို့ IT ပြဿနာတွေမှာ အချိန်မှီ မြန်မြန်ဆန်ဆန် ပြန်လည်ဖြေရှင်းပေးရမယ် ကိစ္စတွေရှိပါတယ်။ အဲဒီလိုအချိန်မှာ စိတ်တည်ငြိမ်မှု မရှိဘူးဆိုရင်တော့ ဟိုတွေးဒီတွေးနဲ့ အဲဒီ ပြဿနာကို အချိန်မှီ ဖြေရှင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးဆိုရင်တော့ IT အလုပ်ဆက်မလုပ်တာ ကောင်းပါတယ်။

၂၊ ကျောင်းဆက်တက်ဖို့တွေ စာမေးပွဲတွေ ဖြေဖို့တွေ စိတ်ဝင်စားရပါ့မယ်။
 IT က အမြဲတမ်း အသစ်တွေ ထွက်ထွက်နေတာပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် အမြဲတမ်း refresh လုပ်နေရပါမယ်။ စာတွေ ဖတ်ရမယ်။ သတင်းတွေ ဖတ်နေရမယ်။ ဘာတွေ အသစ်တွေ ထွက်နေပြီလည်း အမြဲတမ်းလေ့လာနေရပါမယ်။ selfstudy လုပ်ဖို့ ၀ါသနာကို ပါနေရပါမယ်။ workshop တွေတက်ရမယ်။ အမြဲတမ်း learning လုပ်နေဖို့ လိုပါတယ်။

၃၊ ရုံးချိန်မဟုတ်တဲ့ အချိန်မှာလည်း အလုပ်လုပ်ရပါ့မယ်
နည်းပညာဆိုတာကြီးက ကိုယ်သတ်မှတ်ထားတဲ့ schedule အတိုင်း တသတ်မှတ်တည်း အမြဲတမ်းသွားနေမှာ မဟုတ်ပါဘူး။ Servers ဆိုတာမျိုးက သူဒေါင်းချင်တဲ့ အချိန် ဒေါင်းမှာ business ဆိုတာကတော့ ဒေါင်းလို့မရဘူး။ အဲဒီတော့ ညကြီးသန်းခေါင်းမှာ Server ဒေါင်းသွားလို့ ထလုပ်ရင်လည်း လုပ်ရမယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေလည်း သူများတွေလို နားချင်မှ နားရမယ်။ ကိုယ်က ရုံးပိတ်ရက်တွေမှာ သူများတွေ နည်းတူ လုပ်စရာတွေ အမြဲတမ်း ရှိနေတယ်ဆိုရင်တော့ ကိုယ်က IT အလုပ်နဲ့ သိပ်မကိုက်ဘူးလို့ သတ်မှတ်လိုက်ပါ။

၎၊ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းရပါမယ်
ဒါကတော့ ရှင်းပြဖို့လိုမယ်တောင် မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ IT မှာ support end users ဆိုတာလည်း ပါတာကိုး။ စကားများများပြောရမယ်။ တဖက်လူ နားလည်းအောင် ဥပမာများနဲ့တကွ သေသေချာချာ ရှင်းပြရမယ်။

၅၊ လွယ်လွယ်အရှုံးမပေးနဲ့
ကိုယ့်အရည်အချင်းကို ဘယ်နှစ်ခါလောက် ပြန်လည် သုံးသပ်ဖူးလည်း။ ပြဿနာ တစ်ခုကို အကောင်းဆုံးဖြစ်အောင် ဘယ်နှစ်ခါ ဖြေရှင်းဖူးလည်း။ အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ ဘယ်လောက်များများ ထားခဲ့ဘူးသလည်း။ အဲလိုမျိုးတွေထားထားခဲ့တာကို ကိုယ့်ကိုကိုယ် မွေ့လျှော်နေပီလား။ အဲဒါမျိုးတွေက IT's ethic မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်တွေပဲ။ တစ်ခုတော့ ရှိတယ်။ အချိန်နည်းနည်း ထပ်စောင့်ရအုံးမှာလား။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ skill လိုသေးတာလား။ အိုကေ။ အချိန်စောင့်နိုင်တယ် ထားအုံး။ လက်ခံထားဖို့ တစ်ချက်ကတော့ အဲဒီ အလုပ်ကို ပြီးအောင် အဆုံးသတ်မယ်။ လုပ်ကိုလုပ်ရမယ်ဆိုတာကိုတော့ လက်ခံနိုင်ရပါမယ်။

၆၊ ဒေါသထွက်မလွယ်နဲ့
IT သမားလည်း စိတ်နဲ့ပဲ ဒေါသတော့ တစ်ခါတစ်လေထွက်တာပေါ့နော်။ ဒါပေမယ့်  IT သမားက End users တွေရဲ့ ပြဿနာကို အနည်းနဲ့အများ နေ့တိုင်း ဖြေရှင်းပေးနေရတာဆိုတော့  ဒေါသထွက်လွယ်လို့ကတော့ တစ်နေ့လုံး ဒေါသထွက်နေရပြီး သွေးတိုးရောဂါ ရမယ်။

၇၊ multitask လုပ်နိုင်ရမယ် တစ်ခါတလေကျရင် IT သမားတွေက အချိန်မှီပြီးအောင် အလုပ်နှစ်ခု သုံးခု တစ်ပြိုင်နက်တည်း လုပ်ရတာတွေ ရှိပါတယ်။ အလုပ်ကို တစ်ခုပြီးပြတ်မှ တစ်ခုလုပ်တတ်တဲ့သူလည်း IT လောကမှာ မအောင်မြင်ဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် multitask လုပ်နိုင်တဲ့သူက ပိုသာမှာပေါ့လေ။

၈၊ တဖြည်းဖြည်းနဲ့ ရာထူးတွေ တိုးတိုးသွားတာကို လိုချင်တာလား IT အလုပ်အတွက်တော့ အဲဒါက သိပ်မဖြစ်နိုင်ပါဘူး။ ရာထူးတော့ တိုးတာတော့ ရှိပါတယ်။ အိုင်တီ မန်နေဂျာလောက် အထိပေါ့။ CEO အဆင့်လောက်အထိ မျော်လင့်ထားတယ်ဆိုရင်တော့ ....

၉၊ နည်းပညာတွေ မကြိုက်ဘူးလား ဒါကတော့ မဖြစ်နိုင်ပါ။ ဥပမာ ဘာလဲဟ စမတ်ဖုန်း၊  ဖုန်းပဲကွာ ဖုန်းပြောလို့ရတော်ရောပေါ့ ဆိုတာမျိုး၊ စာအုပ်ဆို လက်ထိပ်လေး တံတွေးဆွတ်ပြီး လှန်ရမှ စာဖတ်တယ်လို ထင်တာမျိုး (ebook မဖတ်ချင်ဘူးဆိုသလို) Server တွေ Desktop switches, routers ဘာတွေလည်းဟ အင်တာနက်လေး သုံးရဖို့ ဘာတွေ မှန်းကို မသိဘူးဆိုတာမျိုး၊ စက်ပစ္စည်းတွေ များလို့ green earth ထိခိုက်တယ်ဆိုတာမျိုးတွေ ၊ အဲဒါတွေ ရှိနေမယ်ဆိုရင်တော့ ...

၁၀၊ ဖုန်းပိတ် အိပ်တတ်သလား IT သမားတွေဟာ ညလယ်သန်းခေါင်ကလည်း ကိုယ့်အလုပ်လုပ်ချိန်ပဲ ဖြစ်လာရင် ဖြစ်လာနိုင်တယ်။ မနက်ကတည်းက ညနေအထိ အလုပ်လုပ်ပြီးပြီ အလုပ်ချိန်ပြီးပြီလို့တော့ လက်လွတ်စပယ် နေလို့ မဖြစ်နိုင်ပါ။ 24/7 on call ဖြစ်နေရပါ့ မယ်။  မိသားစု တွေ့ဆုံပွဲကိုလည်း ခနထားခဲ့ပြီး Server ဒေါင်းလို့ အလုပ်လုပ်ရင် လုပ်ရပါ့မယ်။ သားဦးလေး မွေးမှာမို့လို့ လာလို့မရဘူး လည်း လုပ်လို့မရပါဘူး။ အလုပ်ချိန်ပြင်ပ ဖြစ်တဲ့အတွက် အလုပ်က ဖုန်းခေါ်ရင် မကိုင်ချင်ဘူး ဆိုရင်တော့ သေချာပါပြီး သင်နဲ့ IT နဲ့ ....

သင့်အမြင်ကော ဘယ်လိုရှိလည်း comment ပေးထားနိုင်ပါတယ်။ IT သမားဘက်က အမြင်တွေကိုပဲ ရေးထားတာပါ။ တစ်ခြား field ထဲက လူတွေကို ထိခိုက်နစ်နာစေလိုခြင်း လုံးဝမရှိပါဗျာ။


Ref:techrepublic
Credit :မောက္ခပညာရေး မဂ္ဂဇင်း မှ)
မှတ်ချက်.....။ ဒီပို့စ်လေးကို ကျနော်အမြဲဖတ်နေချင်တာကြောင့် ယူလာခဲ့တာပါ တစ်ခြားဘာကိုမှ မရည်ရွယ်ပါဘူးခင်ဗျား....

ကြယ်စင်ဦး(TUF)

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Note: Only a member of this blog may post a comment.

ဘ၀မှာ ဂုဏ်ယူစရာအကောင်းဆုံးဟာ တစ်ခါမှ မလဲကျဖူးတာ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်လဲကျတဲ့အခါတိုင်း ပြန်ထခြင်းဖြစ်တယ်..... ဆန္ဒနဲ့ရည်မှန်းချက်တို့သည် ပစ္စုပ္ပန်၌ ကျွှန်ုပ်တို့၏ ဘ၀ရှင်သန်ကြီးပွားအောင်မြင်အရေးအတွက် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အခြေခံအကြောင်ပင်ဖြစ်ပါကြောင်း မှတ်သားအပ်ပါသည်။

သည်လောက်လာရောက်လည်ပတ်ထားတယ်

 

Copyright @ 2013 ငှက်ငယ်နဲ့မိန်းမပျို.