likeလုပ်ပြီးအားပေးပါ

1.9.14

ဖုန်းဘက်ထရီကို အမြန်ဆုံးအားသွင်းဖို့ အကြံပေးချက်များ

ဖုန်းတွေပျက်စီးရခြင်းအကြောင်းတွေထဲမှာ ဘက်ထရီကို ကြာရှည်စွာအားသွင်းခြင်းက ထိပ်ဆုံးကပါဝင်ပါတယ်.. ခု သင့်ဘက်ထရီကို လျင်မြန်စွာ အားသွင်းနိုင်မယ့် Tip and trick အချို့ ကို ရှာဖွေရေးသားလိုက်ပါတယ်



ဖုန်းနဲ့ကိုက်ညီတဲ့ Adaptor
အကောင်းဆုံးကတော့ မိမိဖုန်းဝယ်စဉ်ကပါလာတဲ့ original adaptor ပါ... အပြင်မှာ လွယ်ကူစွာဝယ်လို့ရတဲ့
adaptor တွေရှိပေမယ့် မူရင်းကိုတော့မမီပါဘူး.. နောက်ပြီး နံရံက socket ကမဟုတ်ဘဲ ကွန်ပျူတာ လက်တော့တွေရဲ့ usb hub တွေကနေ အားသွင်းတာကိုလည်းရှောင်ကျဉ်သင့်ပါတယ်။ဘာလို့လဲဆိုတော့
Battery ရဲ့ Speed ကို ကျဆင်းစေလို့ပါ 
airplane modeမှာထားရှိခြင်း
airplane mode ကို ဖွင့်ထားပြီးအားသွင်းတာကလည်း အားပြည့်မြန်စေပါတယ်။.. notification bar လေးကနေ
onနိုင်သလို  power button ကို ဖိထားပြီးပေါ်လာတဲ့အကွက်ထဲကနေ on နိုင်ပါတယ်။



ဖုန်းပိတ်ပြီးအားသွင်းခြင်း
တကယ်လို့ ဖုန်းသုံးဖို့ မလိုအပ်တဲ့အချိန်မှာဆိုရင် ပါဝါကို ပိတ်ပြီးအားသွင်းတာဟာ အကောင်းဆုံးပါပဲ...
အားပြန်ပြည့်တာအလွန်မြန်ဆန်ပါတယ်။
မလိုအပ်တဲ့appများကိုပိတ်ထားခြင်း
ဖုန်းရဲ့နောက်ကွယ်မှာ run နေတဲ့ app process တွေကလည်း အားစားပါတယ်...ထို့အတူ အားသွင်းချိန်ကိုလည်းကြန့်ကြာစေပါတယ် ဥပမာ Bluetooth,GPS,Wifi,NFC စသဖြင့်ပါ။ဒါလေးတွေပိတ်ပြီးအားသွင်းရင်လည်းအကျိုးရှိပါတယ်...တကယ်တော့အသေးအဖွဲလေးပါ..ဒါပေမယ့်
အသုံးဝင်တဲ့ အသေးအဖွဲလေးတွေပေါ့။


Screen မဖွင့်ပါနဲ့
ဖုန်းမှာအားစားများတာကတော့ Screen ပါ..ဖုန်းအားသွင်းနေစဉ်မှာ Screen ကို မပွင့်စေခြင်းကလည်း မိမိ
ဖုန်းကိုအားပြည့်မြန်ပါစေတယ်..
ဒါတွေကတော့ မိမိဖုန်းဘက်ထရီကို အားသွင်းရာမှာ သတိထားသင့်တဲ့အချက်ကလေးတွေဖြစ်ပါတယ်

ငှက်ငယ်နဲ့မိန်းမပျို သို့လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းအပေါင်း ထာဝရပျော်ရွင်နိုင်ပါစေလို့..
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ...
ဆက်လက်လည်ပတ်လိုပါက...ဒီမှာနှိပ်ပါ ....

ကြယ်စင်ဦး(TUF)

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Note: Only a member of this blog may post a comment.

ဘ၀မှာ ဂုဏ်ယူစရာအကောင်းဆုံးဟာ တစ်ခါမှ မလဲကျဖူးတာ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်လဲကျတဲ့အခါတိုင်း ပြန်ထခြင်းဖြစ်တယ်..... ဆန္ဒနဲ့ရည်မှန်းချက်တို့သည် ပစ္စုပ္ပန်၌ ကျွှန်ုပ်တို့၏ ဘ၀ရှင်သန်ကြီးပွားအောင်မြင်အရေးအတွက် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အခြေခံအကြောင်ပင်ဖြစ်ပါကြောင်း မှတ်သားအပ်ပါသည်။

သည်လောက်လာရောက်လည်ပတ်ထားတယ်

 

Copyright @ 2013 ငှက်ငယ်နဲ့မိန်းမပျို.