likeလုပ်ပြီးအားပေးပါ
2.4.14
11:10 PM
ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်း ထွက်ပေါ်ကြောင်း ရေးသား ဖော်ပြခဲ့သည့် Unity ဂျာနယ် ပြန်တောင်းပန်
အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သော Unity ဂျာနယ်၏ ဇွန်လ ၂၂ ရက်နေ့ ထုတ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြပါရှိသော ‘ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းများ ထွက်ပေါ်’ဟူသော သတင်းအတွက် အဆိုပါ သတင်းခေါင်းစဉ်နှင့် သတင်းသည် သရုပ်ဆောင် ယွန်းဝတီလွင်မိုးနှင့် သူ၏မိသားစုအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စကားလုံး အသုံးအနှုန်းများ သုံးစွဲမိသောကြောင့် သူ၏မိဘဆွေမျိုးများ၊ ပရိသတ်များကို Unity ဂျာနယ် အယ်ဒီတာအဖွဲ့က ပြန်လည် တောင်းပန်ကြောင်း ယင်းဂျာနယ်၏ တာဝန်ခံအယ်ဒီတာ စရဲမင်းထွန်းက The Voice သို့ပြောကြားသည်။
“အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် ဒီသတင်းရဲ့ မှန်ခြင်း၊ မှားခြင်းကို ကျွန်တော်တို့ ဘာမှ မပြောလိုတော့ပါဘူး။ ဒီသတင်း ထွက်ပေါ်လာမှုအပေါ် ကျွန်တော်တို့ တိုက်က သတင်းထောက်က ကိုလွင်မိုးကို ဆက်သွယ် မေးမြန်းပြီး သတင်းအဖြစ် ဖော်ပြခဲ့တဲ့ နေရာမှာ သုံးနှုန်းခဲ့တဲ့ သတင်း ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ကောလာဟလဆိုတဲ့ စကားလုံး မပါတဲ့အတွက် ပရိသတ်တွေ အထင်အမြင် မှားမှာစိုးတဲ့အတွက် မမေသူကနေ ကျွန်တော်တို့ တိုက်က လူကြီးပိုင်းတွေက တစ်ဆင့် ပြန်လည် တောင်းပန်ဖို့ တောင်းဆိုတဲ့ အတွက် တောင်းပန်ပေးတာပါ” ဟု သတင်းအတွက် ပြန်လည် တောင်းပန်ရခြင်း အကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ သတင်းအတွက် ၎င်းတို့ဘက်က မှားယွင်းသည့် အချက်များမှာ သရုပ်ဆောင် ယွန်းဝတီလွင်မိုးသည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့်အတွက် ကလေးသူငယ် ဥပဒေအရ ယင်းကဲ့သို့ သတင်းမဖော်ပြသင့်သည့် အချက်နှင့် သတင်းတွင် သုံးစွဲထားသော ဓာတ်ပုံမှာလည်း တရားဝင် ခွင့်ပြုချက် ရယူပြီး မသုံးစွဲခဲ့သည့် အချက်များ ဖြစ်ကြောင်း ဦးစရဲမင်းထွန်းက ဆိုသည်။
သရုပ်ဆောင် ယွန်းဝတီလွင်မိုး ခိုးပြေးခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှု အပေါ် Unity ဂျာနယ်မှ သတင်းထောက် တစ်ဦးက ယွန်းဝတီလွင်မိုး၏ ဖခင်ဖြစ်သူ သရုပ်ဆောင်လွင်မိုးကို ဆက်သွယ် မေးမြန်းရာတွင် ထိုသတင်းသည် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး လုံးဝ မမှန်ကန်ကြောင်းနှင့် ကလေးမှာလည်း ကျောင်းသူ အရွယ်သာ ရှိသေးသည်ဟု ပြန်လည် ဖြေကြား ခဲ့သော်လည်း Unity ဂျာနယ်မှ အဆိုပါ သတင်းကို မျက်နှာဖုံးတွင် ဖော်ပြရာတွင် ကောလာဟလ ဟူသည့် စကားလုံး တစ်လုံးမှ မပါဝင်သည့် အတွက် စာဖတ် ပရိသတ်များက ဂျာနယ် အတွင်းရှိ ကိုလွင်မိုး၏ ဖြေရှင်းချက်ကို မဖတ်မိဘဲ မျက်နှာဖုံးကိုသာ ကြည့်မိပါက နားလည်မှု လွဲမှားနိုင်သည့် အတွက် ပြန်လည် တောင်းပန်ခိုင်း ရခြင်း ဖြစ်ကြောင်းနှင့် ယင်းသတင်းမှာ လုံးဝ မမှန်ကန်ကြောင်း ယွန်းဝတီလွင်မိုး၏ မိခင်ဖြစ်သူ ဒေါ်မေသူက The Voice သို့ပြောကြားသည်။
“အစ်မက ဒီသတင်း ပါလာတဲ့အခါ Unity ဂျာနယ်ကို ဖုန်းဆက်တော့ သတင်း အယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ် တို့အိမ်လာကြတာယ်၊ အယ်ဒီတာ နှစ်ယောက်က တောင်းပန်ကြပေမယ့် သတင်းထောက်ချုပ် ဆိုတဲ့လူက လုံးဝမတောင်းပန်ဘူး။ သူက အစ်မရယ် အနုပညာရှင်ဆိုရင် ကောလာဟလ ထွက်လာတဲ့အခါ သတင်းသမားကတော့ ရေးမှာပဲလို့ ပြောတယ်။ အစ်မကတော့ ရှင်တို့ ဒီလိုရေးလို့ မရဘူးလို့။ ကျွန်မသမီးက ကလေးပဲ ရှိသေးတယ်။ ကျွန်မရဲ့အုပ်ထိန်းမှုအောက်မှာ ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိ နေနေတာလို့ ပြောလိုက်တယ်။ အစက အစ်မ တောင်းပန်ရင် ကျေအေးမလို့၊ မတောင်းပန်တဲ့ အတွက် ရှေ့နေကနေ Notice စာပို့မလို့ လုပ်နေတာ။ အခုလို တောင်းပန်ရင်တော့ အစ်မဘက်က ကျေအေးပါတယ်” ဟု ဒေါ်မေသူ က Unity ဂျာနယ်၏ ပြန်လည် တောင်းပန်မှုအပေါ် သူ၏သဘောထားကို ဖွင့်ဟသည်။
FROM-The Voice Weekly
MR: EDITOR

သခင်သာလျှင်
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Note: Only a member of this blog may post a comment.